
Cockpit သည် Linux server တွေကို Web based အသုံးပြုပြီး server management လုပ်ပေးနိုင်တဲ့ Open Source ရဲ့ Free Version service ပဲဖြစ်ပါတယ်။
Cockpit မှာ administrator တွေအနေနဲ့ storage တွေ၊ network configuration တွေ၊ Docker containerတွေ နဲ့ server performance တွေအပြင် Security rule တွေ ကိုပါ start and stop လွယ်ကူစွာ လုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးထားတာကို တွေ့ရပါမယ်။
Cockpit ရဲ့ စွမ်းဆောင်နိုင်တဲ့ အချက်အလက်တွေထဲက တစ်ချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။
၁။ system service manager ကို လွယ်ကူစွာ manage လုပ်နိုင်ခြင်း။
၂။ troubleshooting နဲ့ log တွေကို analysis လုပ်ဖို့ရန်အတွက် Jounal log viewer ပါ ထည့်သွင်းထားခြင်း။
၃။ storage ပိုင်းမှာဆိုရင် အရင် version မှာလို LVM ကို Terminal ကနေ configure လုပ်ဖို့ မခက်ခဲတော့ပဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း။
၄။ Network configuration များကိုလည်း Cockpit ပေါ်မှ manage လုပ်နိုင်ခြင်း။
၅။ အလွယ်တကူ local users တွေနဲ့ servers တွေကို add or remove and manage လုပ်နိုင်ခြင်း စတာတွေလည်း ပါဝင်လာပါတယ်။
================================================================================================================
Cockpit ကို Installation လုပ်ချင်တယ်ဆိုရင်တော့ terminal မှာ အောက်က command ဖြင့် install လုပ်နိုင်ပါတယ်။
[root@cent8 ~]# dnf –y install cockpit
Enable and Start Cockpit service
[root@cent8 ~]# systemctl start cockpit
[root@cent8 ~]# systemctl enable --now cockpit.socket
Setting up the firewall
[root@cent8 ~]# firewall-cmd --permanent --zone=public --add-service=cockpit
[root@cent8 ~]# firewall-cmd –reload
Open Firefox browser and type following url:
https://localhost:9090
Type username and password.
Note: Please click on (Reuse my password for privileged tasks) and click log in.
#OpenLearning
#SheinMyintAung
#SheinMyintAung
Comments
Post a Comment